ဝယ်ခွန် / ရောင်းခွန်
အိမ်ခြံမြေဝယ်ယူတဲ့အခါ ဝယ်ခွန် / ရောင်းခွန် ကို တွက်တတ်ဖို့လိုမယ်နော်
ဝယ်ခွန်
ဝယ်ခွန် ဆောင်တဲ့အခါ
- ၁ ကျပ်မှ သိန်း ၃၀၀၀ အထိ ဆိုပါက
ဝင်ငွေခွန် -၃%
- သိန်း ၃၀၀၁ မှ သိန်း ၆၀၀၀ ထိဆိုပါက
ဝင်ငွေခွန် - ၅%
- သိန်း ၆၀၀၁ မှ သိန်း ၁၀၀၀၀ အထိ ဆိုပါက ဝင်ငွေခွန် - ၁၀%
- သိန်း ၁၀၀၀၁ မှ သိန်း ၃၀၀၀၁ အထိ ဆိုပါက ဝင်ငွေခွန် -၁၅%
- သိန်း ၃၀၀၀၁ နှင့်အထက်ဆိုပါက
ဝင်ငွေခွန် - ၃၀ %
အသီးသီးဆောင်ရမှာဖြစ်ပါတယ်။
- ဥပမာ- ရာဖြတ်ဈေး က သိန်း ၃၀၀၀ ဖြတ်
တယ်ဆိုလျှင် သိန်း ၃၀၀၀*၃% =သိန်း ၉၀ ကို ဝင်ငွေခွန် ဆောင်ရမှာဖြစ်ပါတယ်။
- ဝင်ငွေခွန် အပြင် ဘာထပ်ရှိမလဲ ဆိုရင်
တံဆိပ်ခေါင်း ခွန် ထပ်ရှိပါမယ်။ အဲ့ဒါက ပုံသေ ၄% ဆောင်ရပါမည်။
- ရန်ကင်းစာချုပ်စာတမ်းရုံးမှာ စာချုပ်ကြီးချုပ်တဲ့အခါ မှတ်ပုံတင်ကြေး ထပ်မံ ဆောင်ရ
ပါမည်။
အဲ့ဒါကတော့ ဝ.၅ % ပါ ။
- အပေါ်မှာ တွက်ပြသလို သိန်း ၃၀၀၀ ဆောင်ရမယ်ဆိုပါက total - 7.5 % ဝယ်သူဘက်မှ ဆောင်ရမှာဖြစ်ပါတယ်။
ဒါဆိုရင် အခွန်အားလုံး -၂၂၅ သိန်း ကျသင့်မည်ဖြစ်ပါတယ်။
- အဲ့ဒါတွေကတော့ ဝယ်သူ ဘက်မှ ဆောင်ရမည့် ဝယ်ခွန် အသီးသီးဖြစ်ပါတယ်။
ရောင်းခွန်
ရောင်းခွန် (သို့) အမြတ်တော်ခွန်
ရောင်းခွန်ကတော့ အမြဲ ၁၀% ပါ။
- ကိုယ် မြေကွက်ဝယ်ပြီး
အခွန်ဆောင်စဉ်တုန်းက သိန်း ( ၁၀၀၀ )၊
ပြန်ရောင်းတဲ့အခါ သိန်း (၁၂၀၀ )ဆိုလျှင် ကိုယ်မြတ်သည့် သိန်း (၂၀၀) အပေါ်မှာ ၁၀% ဆောင်ရပါမည်။
- သိန်း ၂၀၀*၁၀% =သိန်း ၂၀ ပါ ။
Credit : Original writer



