Accessibility Tools

0.00 ( 0 votes )

 

property contract form
စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။

လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေးသားရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပဋိညာဉ်တစ်စုံတစ်ရာကိုလုပ်ရင် အဲဒီစာချုပ်မှတစ်ပါး အခြားသက်သေကို လက်ခံခွင့်မရလို့ဘဲ။


စာချုပ်မှာ ခု၊ လ၊ ရက်တို့ကို တိတိကျကျသေသေချာချာရေးဖို့လိုတယ်။ အင်္ဂလိပ်သက္ကရာဇ်နဲ့ မြန်မာသက္ကရာဇ်တွေကို ပြိုင်တူတွဲပြီး ရေးသားသင့်တယ်။ ပစ္စည်းနဲ့ပတ်သက်ပြီး အကြောင်းအရာရေးသားရင် ပစ္စည်းစာရင်းကို စာချုပ်နောက်ပိုင်းမှာ ပစ္စည်းဇယားအနေနဲ့ ပြည့်ပြည့် စုံစုံဖော်ပြရတယ်။


ချုပ်ဆိုတဲ့စာချုပ်ဟာ ဘယ်လိုအမျိုးအစားဖြစ်တယ်ဆိုတာ အလွယ်တကူ သိနိုင်အောင်စာချုပ်ခေါင်းစဉ် ဖော်ပြရတယ်။
စာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးသူတွေရဲ့ အမည်၊ နိုင်ငံသားမှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာတွေ ဖော်ပြရတယ်။
စာချုပ်ဆိုရာမှာ ပါဝင်ရမယ့် ပုဂ္ဂိုလ်ဟာအသက်အရွယ် မပြည့်သူမဖြစ်ရဘူး။ တကယ်လို့ အသက်အရွယ်မပြည့်သေးတဲ့သူ ဖြစ်နေရင် အုပ်ထိန်းသူက လက်မှတ်ရေးထိုးရတယ်။ ဘာဖြစ်လို့လဲဆိုတော့ အသက်မပြည့်သေးသူဟာ ပဋိညာဉ်ပြုပိုင်ခွင့် မရှိလို့ဘဲ။ စိတ်မနှံသူဖြစ်ရင်လည်း ပဋိညာဉ်ပြုပိုင်ခွင့် မရှိပါ။
တချို့ပုဂ္ဂိုလ်တွေဟာ စာချုပ်ချုပ်ဆိုရာမှာ ကိုယ်တိုင်ကိုယ်ကျ မပါဝင်ဘဲ ကိုယ်စားလှယ်နဲ့ ချုပ်ကြတာလည်းရှိတယ်။ ဦးဘ၏ ကိုယ်စားလှယ်စာရသူ စသည်ဖြင့် လက်မှတ်ရေးထိုးနိုင်တယ်။ ဒါပေမယ့် လက်မှတ်ရေးထိုးတဲ့ ဦးမောင်မောင်ဟာ ဦးဘရဲ့ ကိုယ်စားလှယ်စာ အမှန်တကယ် ရရှိထားသူဖြစ်ရပါမယ်။


စာချုပ်မှာ
- နိဒါန်း
- အဖိုးစားနား
- ပိုင်းခြားဝေငှခြင်း
- စည်းမျဉ်းနဲ့ သတ်မှတ်ချက်
- အကျိုးခံစားခွင့်ဆိုင်ရာ ဖော်ပြချက်
- ဖော်ထုတ်ပြုလုပ်တဲ့ သဘောတူမှုနဲ့တာဝန်ယူခြင်း
- နိဂုံး
- လက်မှတ်နဲ့ မှန်ကန်ကြောင်း လက်မှတ်ရေးထိုးခြင်း
- ထပ်ဆင့်လက်မှတ်ရေးထိုးခြင်းနဲ့ နောက်
ဆက်တွဲစာချုပ်ဆိုတဲ့ အပိုင်းတွေ သူ့စာချုပ် အမျိုးအစားလိုက်ပါရှိတယ်။


စာချုပ်တွေကို ရေးရာမှာ ဖျက်ရာမပါအောင် ရေးရပါတယ်။ အကယ်၍ဖျက်ရာရှိခဲ့ရင် ဖျက်ရာနေရာမှာ နှစ်ဦးနှစ်ဖက် လက်မှတ်ရေးထိုးရမယ်။
ငွေပမာဏကို ဂဏန်းနဲ့ရေးရမယ့်အပြင် စာနဲ့လည်းရေးရမယ်။


စာရေးရာမှာ နောက်ထပ်ဖြည့်စွက်ရေးတာမျိုး မရှိနိုင်အောင် ကြားလပ်မရှိစေဘဲ မျဉ်းကြောင်းစိပ်စိပ် ရေးရပါမယ်။
တံဆိပ်ခေါင်းပါတဲ့ စာချုပ်မှာ တစ်ချပ်တစ်ရွက်နဲ့ မလုံလောက်ရင် နောက်ထပ်တစ်ချပ်တစ်ရွက်မှာ ရေးရပါမယ်။ တစ်မျက်နှာနဲ့မလုံလောက်တဲ့အတွက် စာချုပ်ကျောဘက်မှာ ရေးတာမျိုးမလုပ်သင့်ပါ။ စာချုပ်ခေါင်းပါတစ်ရွက်နဲ့ မလုံလောက်တဲ့အတွက် နောက်ထပ်စာချုပ်ခေါင်းတစ်ရွက်ပေါ်တွင်သာ ရေးသင့်ပါတယ်။
စာရွက်တိုင်းမှာ စာမျက်နှာဖော်ပြရပါမယ်။ စာတစ်မျက်နှာ ကုန်ဆုံးရင် နောက်ထပ်စာမျက်နှာသို့ လို့ စကားအဆုံးသတ်ရပါမယ်။
စာချုပ်မှာ လက်မှတ်ရေးထိုးခြင်းဟာ အရေးပါတဲ့ကိစ္စဖြစ်တယ်။ လက်မှတ်တွေကို ချုပ်ဆိုသူတွေနဲ့ သက်သေအဖြစ် ပါဝင်သူတွေကိုယ်တိုင်ရေးထိုးကြရမှာ ဖြစ်တယ်။ စာမျက်နှာတိုင်းမှာ လက်မှတ်ရေးထိုးသင့်တယ်။


စာချုပ်ချုပ်ဆိုရာမှာ သက်သေကို တကူးတက ခေါ်ယူရတယ်။ ရေးချုပ်ဖတ်ပြနေတုန်းမှာ အမှတ်မထင် ရောက်လာတာမျိုးဟာ သံသယမကင်းစရာဖြစ်တတ်တယ်။ ဒါကြောင့် တမင်ခေါ်ယူပြီး တိတိကျကျ သေသေချာချာ ပါဝင်ချုပ်ဆိုရတယ်။ စာချုပ်ပါအချက်တွေကို သိရှိဖို့လိုတယ်။ စာချုပ်ကို သေသေချာချာ ဖတ်ကြည့်ဖို့လိုတယ်။ စာချုပ်အတိုင်း ဟုတ် မဟုတ် မေးဖို့လိုတယ်။
ချုပ်ဆိုတဲ့ စာချုပ်မှာတံဆိပ်ခေါင်း လုံလောက်ဖို့လိုတယ်။

 

Credit : original uploader

Rating

Like
Informative
Knowledgeable

Users' reviews

Add review
မြို.ရှောင်လမ်းမဘေးမြေကွက်အရောင်း
မြေကွက်မှော်ဘီ
3500 Lakhs
The Leaf Condo 4 Bedrooms
ကွန်ဒိုလှိုင်
10500 Lakhs
နေရာကောင်း ခြံမြေရောင်းမည်
မြေကွက်မှော်ဘီ
1300 Lakhs
Khaymar Residence For Rent
18 Lakhs

 

No Internet Connection