Accessibility Tools

 

လွန်ခဲ့တဲ့ ၅ နှစ်လောက်က ဝယ်ထားတဲ့မြေတစ်ကွက်ကို ကျွန်မရဲ့ယောကျာ်းဖြစ်သူက ကျွန်မမသိပဲ ရောင်းချခဲ့ပါတယ် ။ ရောင်းရငွေကိုလည်း ကျွန်မကို အသိမပေးပါ ။ လင်မယားနှစ်ဦးရဲ့ လက်ထက်ပွားပစ္စည်း ဖြစ်တဲ့ အဲဒီမြေကွက်ကို တစ်ဦးတည်းသဘောနဲ့ ရောင်းခဲ့တာ ဥပဒေအရ တရားဝင်ပါသလား ။

 

တရားမဝင်ဖြစ် ပါက လက်ရောက် ပြန်ရအောင် ဘယ်လိုလုပ်ရမလဲဆိုတာ သိလိုပါတယ် ။

လွန်ခဲ့တဲ့ ၅ နှစ်လောက်က လင်မယားနှစ်ယောက်ရဲ့ လက်ထက်ပွားဆိုတော့၊ လင်မယားနှစ်ယောက် အတူ ကြိုးပမ်းပြီးရတဲ့ ပစ္စည်း၊ မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေအရ အတူပိုင်ဆိုင်တဲ့ ပစ္စည်းပါ။ ဒီပစ္စည်းက တစ်ယောက် တစ်ဝက်ပိုင်ကို ပိုင်ပါတယ်။

ဒီပစ္စည်းကို ခင်ပွန်းက သူတစ်ယောက်တည်းသဘောနဲ့ ရောင်းလိုက်တယ်ဆိုတော့ တရားမဝင်ဘူးပေါ့။ ငွေချေဝယ်ယူလိုက်တဲ့ သူကလည်း တရားမဝင် ဝယ်ယူလိုက်တာပဲပေါ့။ အဲတော့ ပစ္စည်းလွဲပြောင်းခြင်းဥပဒေက အခြေခံမှုရှိပါတယ်။ မည်သူမျှ မိမိပိုင်ဆိုင်သည်ထက် ပို၍ရောင်းချခွင့် မရှိစေရ။ ဒါက အခြေခံမှုပါ။ လင်ရောင်းချတာကို မယားက သိနိုင်လောက်တဲ့ အနေအထား ပေါ်လွင်နေမယ်ဆိုရင်တော့ ဒီရောင်းချမှုက အထမြောက်ပါတယ်။

မယားလုံးဝမသိအောင် လင်ကနေ တိုးတိုးတိတ်တိတ် လုပ်မယ်ဆိုရင်၊ ဘာမှလည်း အသိမပေးဘူး၊ ငွေချေတာလည်း အသိမပေးဘူး၊ဆိုရင် ဒီအရောင်းအဝယ်ဟာ ပျက်ပြယ်တယ်။

ပယ်ဖျက်ပေးဖို့ သို့မဟုတ် တစ်ဝက်ပေးဖို့ကို မယားလုပ်သူက အရေးဆိုခွင့်ရှိပါတယ်။

Credit : DVB Law Lab

ဗိုလ်တစ်ထောင်မြို့နယ်၏ လမ်းမကျယ်ဖြစ်သော ဗိုလ်တစ်ထောင်စျေးလမ်းနှင့်  ကမ်းနားလမ်းဒေါင့်ရှိ ဓါတ်လှေကားပါသော တိုက်ခန်းကျယ်
ApartmentBotahtaung
3700 Lakhs
အောင်ပန်းမြို့ ပြည်ထောင်စုလမ်းမကြီးဘေး
LandKalaw
သိန်း ၉၀,၀၀၀ Lakhs
လမ်းမကြီးမေးတင်မြေကွက်အရောင်း
LandHmawbi
650 Lakhs
လှည်းကူးမြို့နယ် ၊ ဆားတလင်းကျေးရွာ၊ ဆားတလင်းလမ်းဆုံအနီး ၊ သီရိမေခလာလမ်းတွင်းရှိ  တန်ဖိုးသင့်မြေကွက်ရောင်းပါမယ်
LandHlegu
300 Lakhs

 

No Internet Connection