ထုထည်ခန်.မှန်းခြေ တွက်နည်းဖြင့်တွက်ယူခြင်း

 ထုထည်ခန်.မှန်းခြေ တွက်နည်းသည် အဆောက်အအုံ၏ စုစုပေါင်းထုထည်ကို၎င်းဒေသရှိ အလားတူအဆောက်အအုံ၏ ထုထည်တစ်ယူနစ် ကုန်ကျစရိတ်နှုန်းနှင့် မြှောက်ယူသော
နည်းဖြစ်၏။

ထုထည်တွက်ရာတွင် အောက်ခံခုံဧရိယာကို အဆောက်အအုံ၏ အမြင့်နှင့် မြှောက်ရ၏။
ပျဉ်ထောင်အိမ်များတွင် အမြင့်သည် အောက်ခံခုံမျက်နှာပြင်မှ လျောက်တန်း(Pole plate)
အထက်ခေါင်မိုးအမြင့်၏ နှစ်ပုံတစ်ပုံ အထိအကွာအဝေးဖြစ်၏။

အုတ်တိုက်များတွင်မူ အမြင့်သည်အုတ်မြစ်အုတ်နံရံမှ မိကျောင်းတုံး ( Wall Plate)
အထက်ခေါင်မိုးအမြင့်၏နှစ်ပုံတစ်ပုံအထိအကွာအဝေးဖြစ်၏။ အောက်ခံခုံ ဧရိယာအတွက်
အတိုင်းအတာများမှာ အောက်ခံခုံဧရိယာတွက်နည်းအတိုင်းပင်ဖြစ်၏။

ပုံစံ (၃-၁) တွင်ဖော်ပြထားသည့် အုတ်တိုက်၏ခန်.မှန်းတန်ဖိုးကို ထုထည်ခန်.မှန်းခြေနည်းဖြင့်ရှာမယ်ဆိုရင်။

အုတ်တိုက်၏အမြင့်သည် မြေမျက်နှာပြင်မှ မိကျောင်းတုံးအပေါ်အနားအထိ ( 15 ပေ)၊
အုတ်မြစ်အနက် ( 4 ပေ) နှင့် ခေါင်မိုးအမြင့်သည် ( 6 ပေ) ရှိ၏။ ၎င်းဒေသတွင်
အလားတူအဆောက်အအုံ၏ ထုထည်တစ်ယူနစ်နှုန်းမှာ (1000)ကျပ်ဖြစ်သည်။

ပုံစံ (၃-၁) ၏ စုစုပေါင်း အောက်ခံခုံဧရိယာ = ဧရိယာ A + ဧရိယာ B + ဧရိယာ C

= (30’ x 16’ ) + (16’ x 14’ ) + (20’ x 14’)
= 480 sq-ft + 224 sq-ft + 280 sq-ft
= 984 sq-ft

အုတ်တိုက်၏ စုစုပေါင်းအမြင့် = 15’ + 4’ + 0.5 (6’)= 22’

အုတ်တိုက်၏ ထုထည် = အောက်ခံခုံဧရိယာစုစုပေါင်း x အမြင့်
= 984 x 22= 21648 ကုဗပေ

အုတ်တိုက်၏ ခန်.မှန်းတန်ဖိုး = စုစုပေါင်းထုထည် x တစ်ယူနစ် နှုန်း
= 21648 x 1000 ကျပ်= 216.5 သိန်းခန်.

ထိုကြောင့် ပုံ (၃-၁) တွင်ဖေါ်ပြထားသော အုတ်တိုက်၏ ခန်.မှန်းတန်ဖိုးမှာ 216 သိန်း
5 သောင်းခန်.ကုန်ကျနိုင်ပါသည်။

မှတ်ချက် ။ ။ အဆောက်အအုံ၏ တစ်ယူနစ်နှုန်းကို နေရာဒေသပေါ်မူတည်ပြီး အစားထိုးတွက်ယူပါရန်။

 

Credit : winningland.org

 

မြောင်းတကာစက်မှုဇုန်အနီး
မြေကွက်မှော်ဘီ
280 Lakhs
မြေကွက်ရောင်းမည်
မြေကွက်မင်္ဂလာဒုံ
ရောင်းမည်
2500 Lakhs

 

No Internet Connection