Accessibility Tools

0.00 ( 0 votes )

 

မြေကို လှူတယ်၊ ဘယ်နေရာ ဘယ်လို မြေမျိုးကို လှူဒါန်းမှ သင့်လျှော်ပါသလဲ၊ ဘယ်လိုလှူဒါန်းမှ လှူဒါန်းမှု မြောက်ပါသလဲ၊ သိထားသင့်ပါတယ်။

အချို့က ရပ်ကွက်တွေထဲမှာ လှူတယ်၊ အချို့က လယ်ယာမြေတွေ လှူတယ်၊ အခြားမြေနေရာတွေ လှူတယ်၊ လူနေ ရပ်ကွက်ထဲက လူနေအိမ် တစ်အိမ်ကို ဘုန်းကြီးကျောင်း/ သာသနာရေး ကိစ္စအလို့ငှါ လှူကြတာလဲ ရှိတယ်။

 ဥပဒေအရ လှူဒါန်းခြင်း၊ ပေးကမ်းခြင်းများ၌ အိမ်မြေကို မှတ်ပုံတင် စာချုပ်စာတမ်းနဲ့ လှူဒါန်း ပေးကမ်းမှသာ လှူဒါန်းမှု မြောက်မှာဖြစ်ပါတယ်။
ဒီလို လှူဒါန်းရာမှာလည်း နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ရဲ့ ညွှန်ကြားလွှာ အမှတ် ၂၂ (၂၂-၅-၈၁) ကို သိထား လိုက်နာရပါမယ်။

 ညွှန်ကြားလွှာမှာ သံဃနာယကအဖွဲ့ အဆင့်ဆင့်သည် မိမိတို့ဆိုင်ရာ ဒေသအတွင်းရှိ ရဟန်းတော်များအား အောက်ပါ အတိုင်း လိုက်နာ ဆောင်ရွက်ရေးအတွက် ဆုံးမ ဩဝါဒပေးကြပါရန် ညွှန်ကြားလိုက်ပါသည်လို့ ဖော်ပြထားပါတယ်။ 

၁။ လူနေရပ်ကွက် လူနေအိမ်များ အကြားရှိ လူနေအိမ်များကို ကျောင်းအဖြစ် အသုံးမပြုကြစေရန်၊
၂။ ဤညွှန်ကြားလွှာ မထုတ်ပြန်မီက စေတနာ သဒ္ဓါတရား အလျောက် လှူဒါန်းထားခြင်းမျိုး ဖြစ်ပါက ဝင်းခြံသီးသန့် မရှိလျှင် ဘုန်းတော်ကြီးပိုင်အဖြစ် အမည် မပြောင်းကြစေရန်၊
၃။ ဤညွှန်ကြားလွှာ ထုတ်ပြီးနောက် လူနေရပ်ကွက်အတွင်း စေတနာအလျောက် လှူဒါန်းထားစေကာမူ ကျောင်းအဖြစ် တည်ရှိရာမျိုး မဟုတ်သဖြင့် ကျောင်းအမည်ခံ၍ အလှူမခံယူစေရန်၊
၄။ လူနေရပ်ကွက်၊ လူနေအိမ်များ အတွင်း၌ ဖြစ်စေ၊ အခြားကြည်ညိုဖွယ် မဆောင်သော နေရာများ၌ ဖြစ်စေ ကျောင်းများနှင့် စေတီပုထိုးများကို မတည်ဆောက်ကြစေရန်၊
၅။ အထက်ဖေါ်ပြပါ နေရာများ၌ ဤညွှန်ကြားလွှာ မထုတ်ပြန်မီ မူလရှိပြီးသား ကျောင်းများနှင့် စေတီ ပုထိုးများကို မြို့နယ် သံဃနာယက အဖွဲ့များက စာရင်းပြုစု၍ နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့သို့ ပေးပို့ကြရန် ဖြစ်ပါတယ်တဲ့။

နောက်တစ်ခုက မြေလှူတာနဲ့ ပတ်သက်ပြီး တရားရုံး စီရင်ထုံးတစ်ခု ရှိပါတယ်။ အဲဒီ စီရင်ထုံးမှာ ဖော်ပြထားတာက ဝိနည်းဓမ္မကံ အဓိကရုဏ်း မှုခင်းများဆိုင်ရာ လုပ်ထုံးလုပ်နည်းများ (ပြင်ဆင်ဖြည့်စွက်ချက်) အပိုဒ် (၆၀)တွင် အောက်ပါအတိုင်း ပြဌာန်းထားသည်-

“သာသနာ့မြေ အပ၌ရှိသော မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းဘဏ္ဍာများကို ရဟန်း၊ သာမဏေ၊ ဂိုဏ်း၊ သံဃာ၊ စေတီ၊ ကျောင်း၊ ကျောင်းတိုက်၊ နဝကမ္မ၊ ဗုဒ္ဓဘာသာ၊ သာသနာရေးဆိုင်ရာ အသင်းအဖွဲ့များအား လှူဒါန်းရာ၌ တည်ဆဲ ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စာချုပ်စာတမ်း ချုပ်ဆို၍ မှတ်ပုံတင်ခြင်း၊ ဦးပိုင် အမည်ပြောင်းတို့ကို ပြုလုပ် ဆောင်ရွက်ရမည်။
ယင်းသို့ဆောင်ရွက်ထားသည့် သာသနာ့မြေအပရှိ မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းဘဏ္ဍာများကိုသာ ပိုင်ဆိုင်ခွင့် အငြင်းပွား လျှင် သံဃဝိနိစ္ဆယ အဖွဲ့ဖြင့် စစ်ဆေးဆုံးဖြတ်ခွင့် ရှိသည်” အထက်ပါ ပြဌာန်းချက်တွင် အကျုံးဝင်ရန် အလို့ငှာ သာသနာ့မြေ အပ၌ ရှိသော မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းကို လှူဒါန်းရာ၌ တည်ဆဲဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ စာချုပ်စာတမ်း ချုပ်ဆို၍ မှတ်ပုံတင်ခြင်း၊ ဦးပိုင်အမည် ပြောင်းခြင်းတို့ကို ပြုလုပ်ရမည် ဖြစ်ပေသည်.. တဲ့။

Credit : U Zaw Win

Rating

Like
Informative
Knowledgeable

Users' reviews

Add review
မြို.ရှောင်လမ်းမဘေးမြေကွက်အရောင်း
မြေကွက်မှော်ဘီ
3500 Lakhs
The Leaf Condo 4 Bedrooms
ကွန်ဒိုလှိုင်
10500 Lakhs
နေရာကောင်း ခြံမြေရောင်းမည်
မြေကွက်မှော်ဘီ
1300 Lakhs
Khaymar Residence For Rent
18 Lakhs

 

No Internet Connection