အာဟာရတန်ဖိုးအရကြည့်ရင်တော့ ဟင်းသီးဟင်းရွက်စိမ်းတွေကို ရေနွေးလေးနဲ့သေသေချာချာဆေးပြီး အစိမ်းအတိုင်းစားရင် အကောင်းဆုံးဖြစ်ပါတယ်။
ရေနွေးနဲ့ဆေးရတဲ့ ရည်ရွယ်ချက်က ပါလာတဲ့ အညစ်အကြေးတွေ မြေသြဇာတွေ၊ ပိုးသတ်ဆေးတွေ ရောဂါပိုးမွှားတွေကနေ အတတ်နိုင်ဆုံး ကင်းစင်အောင် ဖြစ်ပါတယ်။ ရေနွေးမှာ ၁၀ မိနစ်-၁၅ မိနစ် စိမ်ထားပြီးဆေးကြောသင့်ပါတယ်။
နောက်တစ်ချက်ကတော့ ပြုတ်တာတို့၊ ဟင်းချို၊ ချဉ်ဟင်းချက်စားတာတို့လဲ အာဟာရတန်ဖိုး အတော်များများကျန်ပါသေးတယ်။ ကြော်စားရင်တော့ ဆီနဲ့ ဓာတ်ပြုပြီး Hydrogenation ဖြစ်ကာ မည်းသွားခဲ့ရင် ကလိုရိုဖီးလ် ဆုံးရှုံးမှု ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အော်ဂဲနစ် သံဓာတ်ကိုတော့ ရမှာဖြစ်ပါတယ်။ ကျန်တဲ့အာဟာရဓာတ်တွေလဲ ဆုံးရှုံးမှုများတဲ့အတွက် ကြော်မယ်ဆိုရင် ခဏတဖြုတ်ပဲ ကြော်သင့်ပါတယ်။
Credit : ဒေါက်တာခင်မောင်လွင် (FAME)