Accessibility Tools

×

Notice

Please login

အခုနောက်ပိုင်း အရေးအပါဆုံး၊ လူကိုဒုက္ခပေးမှု အများဆုံးနဲ့ အဆိုးဝါးဆုံး Toxin ကိုပြပါဆိုရင် Dioxin ကိုပြရမှာဖြစ်ပါတယ်။ Dioxin ကတော့ အဖျားဆွတ် အတိုကောက်ခေါ်တာဖြစ်ပြီး သူ့ရဲ့နာမည်အပြည့်အစုံကတော့ Tetra-chloro-dibenzo-dioxin (TCDD) ဖြစ်ပါတယ်။

 

Dioxin ဟာ ကလိုရင်းဓာတ်ပါတဲ့ Hydrocarbon တွေ မီးလောင်ကျွမ်းရာကရရှိတဲ့ အဆိပ်ဓာတ်ငွေ့ဖြစ်ပါတယ်။ ဒါကြောင့် အမှိုက်ဟောင်းတွေမီးရှို့တဲ့အခါမှာ မြို့ပြင်မှာထွက်ရှို့ရမှာဖြစ်ပါတယ်။ PVC Plastic တွေထုတ်တဲ့အခါ စက္ကူစက်ရုံတွေမှာ ကလိုရင်းနဲ့အရောင်ချွတ်တဲ့အခါ သတ္တုအရည်ကြိုတဲ့စက်ရုံတွေ၊ ရေနံနဲ့ဓာတုဗေဒစက်ရုံတွေ အထူးသဖြင့် ပိုးသတ်ဆေးထုတ်တဲ့စက်ရုံတွေကနေ Dioxin အများဆုံးထုတ်ပေးပါတယ်။ နေ့စဉ် လေထုထဲကို အမြောက်အမြား စွန့်ထုတ်လျက်ရှိပါတယ်။
ဒါကို လူတွေကရှူမယ်ဆိုရင် အသက်ရှူလမ်းကြောင်းကနေတဆင့် ကိုယ်ထဲရောက်လာမှာဖြစ်ပါတယ်။ သူဟာ အဆီမှာပျော်ဝင်တဲ့ပစ္စည်းဖြစ်တာကြောင့် ခန္ဓာကိုယ်ရဲ့အဆီထဲမှာ ပျော်ဝင်ပြီး စွန့်ထုတ်ခြင်းမရှိဘဲ နှစ်ပေါင်းများစွာ ၆ နှစ်မှ ၁၂ နှစ်အထိ တစ်နေ့ နည်းနည်းနဲ့ စုစည်းလာပါတယ်။


ပြီးတော့ တိရိစ္ဆာန်တွေ အထူးသဖြင့် အများဆုံး နွားတို့၊ ဝက်တို့၊ ဆိတ်တို့၊ ကြက်၊ ဘဲတို့က လေထဲက Dioxin ကိုရှူပြီး သူတို့ရဲ့အသားတွေ၊ ဥတွေထဲမှာ Dioxin တွေပါဝင်နေမှာဖြစ်ပါတယ်။ ဒါကို လူတွေက စားခဲ့ရင် Dioxin တွေဟာ အမြောက်အများ ဝင်လာမှာဖြစ်ပါတယ်။ Dioxin တွေ ခန္ဓာကိုယ်ထဲဝင်လာရင် ကင်ဆာရောဂါဖြစ်ဖို့ သေချာသလောက်ရှိသွားပါပြီ။ အထူးသဖြင့် သွေးကင်ဆာ၊ အသည်းနဲ့ သည်းခြေအိတ်၊ သည်းခြေပြွန်ကင်ဆာတို့အဖြစ်များပြီး ခုခံအားစနစ်ကိုပါ ထိခိုက်စေမှာဖြစ်ပါတယ်။

 

ဒါ့ကြောင့် WHO က၂၀၀၃ ခုနှစ်မှာ Dioxin သည် ’’No known safe dose’’ လို့ဆိုပြီး Class 1 Carcinogen အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဆိုလိုတာကတော့ နည်းနည်းလေးဝင်ရုံနဲ့ ဒုက္ခပေးမယ် ကင်ဆာဖြစ်စေနိုင်တယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။

 

Credit : ဒေါက်တာခင်မောင်လွင် (FAME)

 

No Internet Connection