Accessibility Tools

0.00 ( 0 votes )

 

 ပုံစံ (၁၀၅) ရေးကူးတယ်ဆိုတာလဲ လျှောက်တိုင်း ရေးကူးပေးလို့ မရ။ ၁၀၅ ရဲ့အခေါ်အဝေါ်ကပင် သက်သေခံ မိတ္တူမှန် မြေပုံ ရေးကူး ထုတ်ပေးခြင်း ဖြစ်တဲ့အတွက် လက်တန်းဆွဲ၍ မရ။ ပုံစံ ၁၀၅/၁၀၆ တို့တွင် ပုံစံ (၁၀၅) ဆိုသည်မှာ မြေပုံ၊ ပုံစံ (၁၀၆) က မြေရာဇဝင်ဖြစ်ပါတယ်။

 မြေစာရင်း ဌာနက ထုတ်ပေးတဲ့ မြေစာရင်း ပုံစံ (၁၀၅) ကို "လက်ရှိမြေပုံမှာ ယခုနှစ် အသုံးပြုနေသော ဦးပိုင်မြေပုံ" လို့ခေါ်ပါတယ်။ စာတိုခေါ်ရရင် "မြေပုံ"ပေါ့။ နောက် မြို့ကြီးတွေမှာ အိုးအိမ်ဦးစီးဌာနက ထုတ်ပေးတဲ့ မြေပုံကိုတော့ "S-22" လို့ခေါ်ပါတယ်။

ရန်ကုန် မြို့တော်စည်ပင်က ထုတ်ပေးတဲ့ မြေပုံမှာကတော့ ပုံစံနံပါတ် မပါရှိပါဘူး။ ဒီတော့ မြေပုံကလေးပါတဲ့ စာရွက်ကို မြေပုံလို့ မှတ်လိုက်မယ်ဆိုရင် အဲဒီ သုံးမျိုးလုံး အကျုံးဝင်ပါတယ်။ ပုံစံ (၁၀၅) မြေပုံစာရွက်မှာ ကြည့်လို့ရ တာတွေ အများကြီးရှိပါတယ်။ သိသင့်၊ ကြည့်သင့်၊ မှတ်သင့်ပါတယ်။ တိုင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ကျေးရွာအုပ်စု၊ ကွင်းအမှတ်၊ ကွင်းအမည်၊ ဦးပိုင်အမှတ်၊ မြေကွက်အမှတ်၊ ပိုင်ရှင်အမည်၊ ပိုင်ဆိုင်မှု၊ မြေအမျိုးအစား၊ အကျယ် အဝန်းနဲ့ ရေးကူးပေးရတဲ့ အကြောင်း အရာ စသည်ဖြင့် တိကျမှန်ကန်စွာ ရေးသားထားကြပါတယ်။

သိသင့်တာက ပုံစံ (၁၀၅) ဆိုတာက “မြေစာရင်းဌာန” က ထုတ်ပေးတဲ့ "ပုံစံ တစ်ခုသာ" ဖြစ်ပါတယ်။ အဲဒီ ပုံစံက လယ်ယာမြေပဲ ဖြစ်ဖြစ်၊ ရွာမြေ၊ ဥယျာဉ်ခြံမြေပဲ ဖြစ်ဖြစ်၊ ဂရန်မြေပဲ ဖြစ်ဖြစ် သက်ဆိုင်ရာ မြေစာရင်းဦးစီးဌာနအပိုင် နယ်နိမိတ် အတွင်းမှာရှိတဲ့ မြေတို့ရဲ့အကျယ်အဝန်းနဲ့ အမျိုးအစားကို ဖော်ပြပေးတဲ့ ပုံစံစာရွက်သာ ဖြစ်ပါတယ်။ နောက် တစ်နည်း ပုံစံ (၁၀၅) ဆိုတာ ပိုင်ဆိုင်မှု အာမခံချက် လုံးဝ (လုံးဝ) မဟုတ်ပါ။ တည်နေရာကို ဖော်ပြရန်၊ မြေအမျိုး အစားကို ဖော်ပြရန်၊ အိမ်ဆောက်လုပ်ခွင့် လျှောက်ထားရာတွင် တည်နေရာကို ညွန်းဆိုရန်၊ မြို့မြေဖြစ်ပါက ဂရန် လျှောက်ထားရာတွင် တည်နေရာကို ညွှန်းဆိုရန် စသည်တို့အတွက် “မြေစာရင်းဌာန” က ထုတ်ပေးတဲ့ "မြေပုံ ပုံစံတစ်ခုသာ" ဖြစ်ပါတယ်။ "ပုံစံ (၁၀၅) ရေးကူးတယ်ဆိုတာ လျှောက်တိုင်း ရေးကူးပေးလို့ မရပါ။ (၁၀၅) ရဲ့ အခေါ်အဝေါ်ကပင် သက်သေခံ မိတ္တူမှန် မြေပုံ ရေးကူး ထုတ်ပေးခြင်းဖြစ်တဲ့ အတွက် လက်တန်းဆွဲ၍ မရသော လုပ်ငန်း ဖြစ်ပါသည်။

မိတ္တူ ရေးကူးခြင်း ဆိုသဖြင့် မူရင်းရှိမှ မိတ္တူ ရေးကူးနိုင် ပါမည်။ မူရင်း စာရင်းမြေပုံ မြေကွက် မှတ်တမ်း မရှိသောနေရာကို မိတ္တူ ရေးကူးပေး၍ မရနိုင်ခြင်းကို သဘော ပေါက်သင့်သည်။ မှတ်တမ်းရှိသော ကွင်း အကွက်မြေပုံရှိသော ဦးပိုင်မှတ်ပုံတင် စာရင်း 1.A ရှိသော နေရာကိုသာ မိတ္တူ ကူးပေးနိုင်ပါလိမ့်မည်။ မရှိသောနေရာကို လည်း ကူးပေးခွင့် ရှိမည် မဟုတ်ပါ။ မှတ်တမ်း မြေပုံ block plot , 1.A ရှိသောနေရာ ဖြစ်စေကာမူ လျှောက်ထား မှုကို မူရင်းစာရင်းမြေပုံမှ ရေးကူးခြင်း ဟုတ် မဟုတ် မှန် မမှန် တာဝန်ရှိသူ အဆင့်ဆင့်မှ စိစစ်ရန် ရှိသေးသည်။ မြေတိုင်းစာရေး တစ်ဦးတည်းက တာဝန်ခံရသော လုပ်ငန်း မြေတိုင်း စာရေးအဆင့်နှင့် ပြီးပြတ်သော လုပ်ငန်း မဟုတ်ပါ။ အင်စပက်တော် ဒုဦးစီး ဦးစီးမှူးအဆင့်ဆင့်မှ မှန်ကန်ကြောင်း တာဝန်ခံ စိစစ်ပေးရပါသည်။

ထိုက်သင့်သော အချိန် အတိုင်းအတာ တစ်ရပ် ယူစစ်မှ ပြည်သူသို့ ထုတ်ပေး သော မိတ္တူ မှန်မြေပုံသည် မှန်ကန်ပေမည်။ သတ်မှတ်ရက် မပြီးလျှင် အရေးယူမည်ဆို၍ ပုံစံ ၇ များ ဖြစ်သလို ထုတ်ပေးခဲ့ရမှု၏ နောက်ဆက်တွဲ ဖြစ်ရပ်များ ယနေ့ မည်သို့ဖြစ်ပေါ် နေသည်ကို သင်္ခန်းစာ ယူရပါမည်။ သတ်မှတ်ရက် ပြီးအောင် ဖြစ်သလို ဆွဲပေးသော မြေပုံကြောင့် အမှုဖြစ်သူ သည်သာ နစ်နာပေမည်။ လျှောက်ထား သူက ယခင် မြေပုံဟောင်းမှ အကွက်နှင့် မှတ်တမ်းလိုချင်၍ လာကူးသော်လည်း ဌာနမှ ယနေ့အထိ မှန်ကန်အောင် တိုင်းတာ ပြင်ဆင်ထားသည့် မြေပုံ စာရင်းမှသာ မည်သည့် ခုနှစ်အထိ updating မှန်ကန်အောင် ပြုပြင် ထားသည့် မြေပုံမှ ကူးပေးသည်ဟု မှတ်ချက်ပြု ရေးကူးပေးမြဲ ဖြစ်သဖြင့် လိုချင်တာ မရလို့ အတိုင်ခံရနိုင်သည်။ သို့ဖြစ်၍ စီမံခန့်ခွဲသူများက ဌာနအကြီး အမှူးများကို သူ့ကြိုးနှင့် သူချည်တတ် ရပါမည်။ ဘယ်လို Case မျိုးမှာ ဘယ်နှစ်ရက် ကြာနိုင်သလဲ၊ အမြန်ဆုံး ပြီးသင့်တဲ့ရက် ဘယ်ရက် ဖြစ်သင့်သလဲ စသည်ဖြင့် ဌာနကတဆင့် အောက်ကို ညွှန်ကြား။ မလိုက်နာရင် အရေးယူပါဟု စီမံသင့်ပါသည်။

 

Credit : ဆရာဦးဇော်မင်း (နတ်မောက်)

Rating

Like
Informative
Knowledgeable

Users' reviews

Add review
မြို.ရှောင်လမ်းမဘေးမြေကွက်အရောင်း
LandHmawbi
3500 Lakhs
The Leaf Condo 4 Bedrooms
CondoHlaing
10500 Lakhs
နေရာကောင်း ခြံမြေရောင်းမည်
LandHmawbi
1300 Lakhs
Khaymar Residence For Rent
18 Lakhs

 

No Internet Connection