အရွယ်ရောက်ပြီး သားသမီးရှိတဲ့ မိဘတွေ ပိုင်ဆိုင်တဲ့ အိမ်ခြံမြေတစ်ခုခုကို ရောင်းရင် ကျန်တဲ့ သားသမီး တွေက သဘောတူကြောင်း အသိသက်သေအဖြစ် လက်မှတ်ထိုးနေကြတာ ထုံးစံလိုဖြစ်နေပါတယ် ။ ဝယ်သူ တွေကလည်း ဒီလိုမျိုးဖြစ်မှ ဝယ်ရဲသလိုဖြစ်နေတယ် ။ သားသမီးတွေ လက်မှတ်မထိုးရင် တရားမဝင် ဖြစ်မှာ မို့လို့လား ။ ရှင်းပြစေချင်ပါတယ် ။
မိမိသဘောဆန္ဒအရ ရောင်းပိုင်ခွင့်ရှိတယ် ၊ ကန့်ကွက်လို့မရဘူး။ ၁၉၈၅ ခုနှစ်က ဆုံးဖြတ်ထားတဲ့ စီရင်ထုံး ဒေါ်နီနဲ့ ဦးတင်လှပါ ၅ ဦး၊ ၁၉၈၅ ၊ မတစ ၆၈ မှာဆုံးဖြတ်ပါတယ်။ စီရင်ထုံးမှာ “မိခင်တစ်ဦးသည် သူပိုင်ပစ္စည်း တစ်ရပ်ရပ်ကို အတူနေ သားသမီးတစ်ဦးဦးသို့ ရောင်းချခွင့် ရှိပေသည်။ ရောင်းချသည့်အခါ ကျန်အခြား သား သမီးများကို အသိပေးရမည်ဟူ၍ ဥပဒေမရှိချေ။
မိဘများက သူတို့ပိုင်ပစ္စည်းကို ရောင်းဝယ်စာချုပ် ပြုလုပ် ရောင်းချခြင်းသည် ကတ္တိမမွေးစားခြင်း ကိစ္စမျိုးကဲ့သို့ ကျော်ဇောမှုရှိရန်မလိုပေ ၊ တိတ်တဆိတ် ရောင်းဝယ်ပြု ထားရုံမျှဖြင့် မလျော်သြဇာသုံး ရောင်းခြင်းဝယ်ခြင်းဖြစ်သည်ဟု တစ်ထစ်ချမဆိုနိုင်ပေ” ဆိုပြီးတော့ တိတိကျကျ လမ်းညွှန်ထားပါတယ်။
နောက်တစ်ချက်က အရောင်းအဝယ်လုပ်သူက ဥပမာ သားသမီးဆိုရင် သူက အရွယ် ရောက်ရမယ်၊ ပုဒ်မ ၁၁ အရ ပဋိညာဉ် ပြုရမယ် ၊ စိတ်မှန်ရမယ်၊ မရှုးရဘူး။ ဒီအချက်တွေနဲ့ ညီမှ ဝယ်ပိုင်ခွင့်ရှိပါ တယ်။ ဒါကြောင့် တည့်ဖြေရရင်တော့ ရောင်း၊ ဝယ် လုပ်လို့ရပါတယ်။
Credit : DVB Lawlab
Write your comment