Accessibility Tools

0.00 ( 0 votes )

 

အိမ်၊ ခြံ၊ မြေ ဝယ်ယူသူများအနေဖြင့် ဒဂုံမြို့သစ် (၄) မြို့နယ်အတွင်းရှိ ပါမစ်မြေ ဝယ်မည်ဆိုပါက ဂရုတစိုက် သတိပြုသင့်သော အချက်များ ရှိပါသည်။ ဒဂုံမြို့သစ် (၄) မြို့နယ်သည် အများအားဖြင့် ပါမစ်မြေ အမျိုး အစား မြေကွက်များဖြစ်သဖြင့် ပါမစ်မြေဝယ်မည်ဆိုပါက အောက်ပါ အချက် များ သတိပြုသင့်ပါသည်။

 အိမ်၊ ခြံ၊ မြေ ဝယ်ယူသူများအနေဖြင့် မိမိဝယ်ယူမည့်မြေကွက်တွင် ကျူးကျော်နေ ထိုင်သူများ ရှိ/မရှိ ကို မြေပြင်တွင် သွားရောက် ကြည့်ရှု့ရန် လိုအပ်ပါသည်။ ပါမစ်မြေ စာရွက်စာတမ်းများကို တတ်သိနားလည်သော အကျိုးဆောင်များ၊ ရှေ့နေများဖြင့် တိုင်ပင်သင့်ပါသည်။

ပါမစ်မြေကို သက်ဆိုင်ရာ အိုးအိမ်ရုံးတွင် မြေတိုင်း ရပ်ကွက်နှင့် မြေကွက် အမှတ် မှန် / မမှန်၊ မြေအမည်ပေါက် မှန် / မမှန် တို့ကို စစ်ဆေးပြီး အ ထက် ပါ အချက်အလက်များကို ကျွမ်းကျင်သူ ရှေ့နေများနှင့် တိုင်ပင်ပြီး စရံငွေပေးချေသင့်ပါသည်။

စရံချပြီးလျှင် ပြုလုပ်သင့်သော အချက်များမှာ ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးရုံးတွင် မိမိမြေကွက်နှင့်ပတ်သက်သည့် ပါမစ်မြေ အမည်ပေါက် မှန်/မမှန် ကို ထပ်မံ စစ်ဆေးရပါမည်။

မြေကွက်ဝယ်ယူမည့်သူများအနေဖြင့်လည်း အဆိုပါမြေကွက်နှင့် ပတ်သက် သည့် ကန့်ကွက်နိုင်ကြောင်း ကြော်ငြာစာကို နိုင်ငံပိုင် သတင်းစာများ တွင် ငွေနောက်ဆုံးပေးချေရမည့် ရက်အတိုင်းအတာ (၇) ရက်သော် လည်းကောင်း (၁၄) ရက်သော်လည်းကောင်း ကြော်ငြာသင့်ပါသည်။

အရေးကြီးဆုံးအချက်မှာ စရံစာချုပ်တွင် နောက်ဆုံးငွေပေးချေရမည့်ရက်ကို လုံလုံလောက်လောက်ယူသင့်ပါသည်။ မြေကွက်ကို ငွေချေပြီးပါက မိမိမြေ ကွက်သည် ခြံခတ်ထားခြင်းမရှိပါက ခြံခတ်ထားသင့်ပါသည်။

ဝယ်ယူသူအများစုအနေဖြင့် မိမိမြေကွက်ကို ဝယ်ယူပြီးပါက ဒီအတိုင်း ပစ်ထားတက်တာကြောင့် နောင်တစ်ချိန်တွင် ကျူးကျော်ဝင်ရောက်နေထိုင် သူများရှိပါကစကားများများပြောရခြင်း၊ ပြောင်းရွှေ့စရိတ်ပေးရခြင်း ပြဿနာများဖြစ်တက်ခြင်းကြောင့် ကြိုတင်ကာကွယ်သင့်ကြောင်း အသိပေး တင်ပြလိုက် ရပါသည်။

Credit: Myanmar Property New

 

Rating

Like
Informative
Knowledgeable

Users' reviews

Add review
မြို.ရှောင်လမ်းမဘေးမြေကွက်အရောင်း
LandHmawbi
3500 Lakhs
The Leaf Condo 4 Bedrooms
CondoHlaing
10500 Lakhs
နေရာကောင်း ခြံမြေရောင်းမည်
LandHmawbi
1300 Lakhs
Khaymar Residence For Rent
18 Lakhs

 

No Internet Connection